နင်သိပါတယ်
ချစ်သူ………………
ငါ့ရဲ့  မျက်ရည်တစ်စက်ဟာ
မင်းအတွက် ဟာသတစ်ပုဒ် ဖြစ်ပါစေ။

ငါ့ရဲ့ နှလုံးသွေးတစ်စက်ဟာ
မင်းအတွက် အားဆေးတစ်ခွက် ဖြစ်ပါစေ။

ငါ့ရဲ့ နာကျင်ကြေကွဲမှုတစ်ခုဟာ
မင်းအတွက် ပျော်ရွှင်မှုတစ်ခု ဖြစ်ပါစေ။

ငါ့ရဲ့ အချစ်တွေဟာ
မင်းအတွက် လှေကားထစ်သဖွယ် ဖြစ်ပါစေ။

ငါ့ရဲ့ ကျရှုံးမှုတိုင်းဟာ
မင်းအတွက် အောင်နိုင်မှုတွေ ဖြစ်နေပါစေ………………
ငါကျေနပ်တယ် ချစ်သူ…………………
ငါကျေနပ်တယ်။

“ အချစ်ကဗျာတပုဒ် ”

အချစ်ဆိုတာ..ထင်သလောက်အရေးမပါဘူး..
ခင်ဗျားတို့အတွက် ခါးမယ့်ဆေး.......
သကြားလေးတောင် မအုပ်ပဲကြွေးလိုက်တယ်..။
အစကတော့ အချစ်ဆိုတာ မရှိမဖြစ်အရာပဲ...
ပိုပြီး အဆင့်မြှင့်လိုက်မှ ဇိမ်ခံပစ္စည်းဖြစ်သွားတယ်.။
ဝတ္ထုတွေက အချစ်အကြောင်းပါမှ ဖတ်ကောင်းတယ်...
ရေမွှေးပုလင်းလည်း ဆိုင်ဆိုင် မဆိုင်ဆိုင် ........
အချစ်နာမည်...တပ်ထားတယ်.......
ဖေဖေါ်ဝါရီ ၁၄ လည်း အချစ်နာမည်တပ်မှ လူစည်တယ်..
တကယ်တော့ ဘာမှမဟုတ်ဘူး.....
လူတွေက အချစ်ကို အရသာခံချင်နေတာ..။
ထိခိုက် ၀မ်းနည်းဖွယ်ရာတွေ လူတိုင်းမှာရှိတာပေါ့....
ဒါကို တသသ လုပ်နေရင်တော့ ကြီးထွားလာမှာပဲ....
ဒီလိုပဲ...ဖြတ်သန်းနေကြတာလေ............
ငါ့ကျမှ ဖြစ်ရလေခြင်းလို့ တွေးရင်တော့..........
အဲဒါဟာ....ကိုယ့်ကိုကိုယ် သနားတတ်တဲ့ရောဂါပဲ..။
ပေါတောတော...ရုပ်ရှင်တွေထဲကလို......
အိပ်ရာကြီးပေါ်တတ်ပြီး...မျက်ရည်ကျနေတာက..ဇိမ်ခံနေတာပဲ..
အချစ်ကို ခုတုံးလုပ်ပြီး လူအသနုားခံချင်စိတ်မွေး....
ကိုယ့်အပျင်းကိုယ်....အားပေးနေကြတာပါ...။
အစွန်းမရောက်ဖို့...ပြောနေတာ..........
ဦးနှောက်သမားတွေက...အချစ်ကို..
လှေကားတစ်စင်းလို ကြည့်တယ်.....
သူ့ ကိုသုံးပြီး အပေါ်ဘယ်လိုတက်ရမလဲရှာတယ်....
နှလုံးသား သမားတွေက..အချစ်ကို...
ဆိုဖာ တစ်ခုလို အသုံးပြုနေတယ်...
အားအားရှိ..အဲ့ဒီအပေါ် တက်ခွေနေကြတယ်...။
ကဗျာဆရာတစ်ယောက်က ပြောဖူးတယ်...
အချစ်ဆိုတာ.......အဖန်တရာတေအောင်..
လူတွေပြစ်မှား ..အပြောများလွန်းလို့....
အပေါစား ဖြစ်သွားတဲ့ “ စကားတစ်လုံး ” တဲ့...
ကဲ....စဉ်းစားမိတဲ့...အဖျားဖြတ်ဆေးလေး....
ခင်ဗျားတို့ကို လက်ဆင့်ကမ်းပေးလိုက်တယ်...။ ။
အလွမ်း---လမ်းခွဲ

ချစ်သူ----မင်းကို လွမ်းတဲ့
အရာတိုင်းကို လေနဲ့ အတူမျောလိုက်တယ်။
ဆွဲယူနားဆင်လှည့်ပါ
ဒါပေမဲ့ မကြားမိအောင်လည်း ငါဆုတောင်းတယ်
ချစ်ခြင်းဟာ ဒွိဟများစေလို့ပါ။

ချစ်သူ----ဘ၀တစ်ခုမှာ ဆုံခဲ့ကြတဲ့
မင်းနဲ့ ငါအဖြစ်ဟာ ရေပွက်တစ်ခုပဲလား
ချုပ်ရာ ဗလပွနဲ့ ငါ့နှလုံးသား အပ်ထည်ကို
ဘယ်စက်ချုပ်သမားမှ မပြင်နိုင်ခဲ့ဘူး
ချစ်ခြင်းဟာ လူတွေထက် ဥာဏ်များလို့ပါ။

ချစ်သူ----အားလုံးကို တစ်ကပြန်စချင်တယ်
ဒါပေမဲ့ မင်းက ပါမလာတော့ဘူး
လမ်းသာလျှောက်ပြီး အတွေးမပါသူကို
အရူးတဲ့(ချစ်သူရေ)
ချစ်ခြင်းက ငါ့ကို ရက်စက်လွန်းပါတယ်။



ကန့်သတ်မဲ့ည

သန်းခေါင်ယံကျော်ရင်
မိုးသောက်ရမှာပဲ။

အင်းတုထွန်းညှိထားတဲ့ ညတွေကို
ဘာနှမြောစရာရှိလဲ
ရွှေဝါရောင်မနက်ခင်းတွေကိုတောင်
အလဟသဖြုန်းတီးခဲ့ပြီးမှ
နီယွန်မီးတစ်ချောင်းကို
မက်မောနေကြဦးမှာလား
တိမ်ဖုံးလို့ လမသာတာပါ။

ညိုညစ်ညစ်ကန့်လန့်ကာတစ်ခုက
ဘယ်လောက်များမိုးကောင်းနိုင်မလဲ
မိုးရွာတုန်းရေခံပြီး
လသာတုန်း ဗိုင်းမငင်ရင်တော့
ဘယ်သူပြုပြု မိမိမှုပေါ့။

အလင်းတွေမိုက်ရင် အမှောင်တိုက်ကိုခွင်း
အလင်းတွေနဲ့တင် ကျေနပ်နေရင်
ကယ်စင်တွေငိုကြွေးရလိမ့်မယ်။

ရွက်မရှိ တက်နဲ့လှော်
တက်မရှိ လက်နဲ့လှော်
လက်မရှိတော့ရင်တောင်
အိမ်မက်စစ်တစ်ခုတော့ ရှိရမှာပေါ့။

ဆောင်းအိမ်မက်တွေနဲ့ပဲ
ညတွေကို ကုန်ဆုံးကြမလား
အနွေးဓာတ်ပေးနေတဲ့ အ၀ါရောင် မီးတောက်တွေကို
လစ်လျူရှုနေကြရင်း
သွေးခဲသွားတဲ့အိမ်မက်တွေ
ဘယ်နှစ်ခုများရှိခဲ့ပြီလဲ။

စကြ၀ဠာမှာတောင် အကန့်အသတ်ရှိတယ်။

ဖွတ်ကြီးတိုင်း မိကျောင်းဖြစ်ရင်
ချမ်းသာတဲ့ မြစ်တစ်စင်းမှတောင် ရှိမှာမဟုတ်ဘူး။

လင်းတလောက်တော့ ငှက်တိုင်းလှတယ်။

နဂါးအမြီးကိုက်လည်း
ငါးက ငါးပါပဲ။

နို့ဆာလို့မှ မငိုတက်ရင်
ကလေးတွေ ခက်ရချည်ရဲ့။

မျက်စိမှိတ်နေရုံနဲ့
အတိတ်စိမ်းတွေ ရောက်မလာဘူး
နှာစေးနေတိုင်း အနံ့မရိုင်းဘူး မထင်နဲ့၊
ပုပ်လို့ပေါ်နေတဲ့ တနေ့ကျ
ရောဂါကျွမ်းလှပြီ။

ယန္တရားတွေကိုတောင် အားမရလို့
နာရီတွေကို ချိုးဖျက်ဖို့
တာဆူနေကြပြီ။

အလင်းနှစ်တွေရဲ့ လဟာပြင်မှာ
ပက်ကျိတစ်ကောင်နဲ့တော့
အလုပ်မဖြစ်လှဘူး
ချေးကျရာပျော်တဲ့ လောက်လို
ကျရာနေရာမှာ
နေရာကျနေကြရင်တော့
မလုံတဲ့ စည်းရိုးမှာ
မပွင့်တဲ့တံခါးတွေ အပြည့်နဲ့ပေါ့။



အစိမ်းရောင် မြစ်ဖျားများ

စိမ်းညို့ကွေ့ကောက်သော မြစ်များမှ
အရောင်မထွက်တဲ့ ကျောက်တုံးတစ်ခုကို
တွေ့သောအခါ
ငါ့နှလုံးသားကို သတိရပါလေ။

ဒိုင်ယာရီကြား
ကူးယူရေးမှတ်ထားခဲ့တဲ့
ငါ့မိတ်ဆွေရဲ့ ကဗျာအပိုင်းအစ
အခုတော့…
မင်းအတွက် ငါ့ရည်ညွှန်းချက်ဖြစ်ခဲ့ရပြီ။

သူ့ကျောပေါ်က စီးဆင်းသွားတဲ့
ရေအလျဉ်တိုင်းဟာ
သူ့မျက်ရည်တွေပါပဲလို့
အဓိပ္ပါယ်ဖွင့်ဆိုခဲ့လျင်တော့
မြစ်တစ်မြစ်ဆိုတာ
ကျိန်စာသင့်တဲ့နေ့တွေကိုပဲ
သူပျော်ရွှင်လိမ့်မယ်။

အားနာစရာ
မလိုပါဘူးကွယ်
မင်းလှော်ခတ်ဖူးခဲ့တဲ့
ငါ့နှလုံးသားရာဇ၀င်မြစ်ကျဉ်းတစ်လျှောက်
အငွေ့ပျံမှုတွေနဲ့
သွေ့ခြောက်ခဲ့ပြီမဟုတ်လား။

အချည်းနှီးတောင်တန်းတွေဆီ
အထီးတည်းထွက်ခွါသွားရတဲ့အခါ
ငါ ဖြေသိမ့်နိုင်စရာတစ်စုံတစ်ရာ
မင်းဆီပါခဲ့ပြီမို့
အားနာစရာ
မလိုပါဘူးကွယ်။

တို့ နှစ်ယောက်
ဗာဒံရိပ်ကလေးဝေပြီး၊ လူသူရှင်းတဲ့
ကဖေးဆိုင်ကလေးတစ်ခုမှာထိုင်ပြီး
ဟောဒီလို မေလရဲ့ နေ့လယ်ခင်းမှာပေါ့
လူးလွင့်နေတဲ့ တံလျပ်တွေကို ငေးကြည့်ရင်း
တိတ်ဆိတ် စကားမဲ့ ငြိမ်သက်စွာ
နာရီတွေ လောင်ကျွမ်းခဲ့ရဲ့။

ငါ့မှာ
တစ်စုံတစ်ရာ
အကောင်းစား စိတ်ကူးစိတ်သန်းတွေ
ရှိနေတယ်ဆိုပါတော့
အဲဒါတွေ အကုန်လုံး မင်းယူ။

ငါ့မှာ ဘယ်သူ့ကိုမှ မချစ်ရသေးတဲ့
နှလုံးသားအသစ်တစ်ခု
ရှိနေတယ်ဆိုပါတော့
အဲဒါကိုလည်း မင်းပဲယူ။

ငါ့ဖောက်ခဲ့ပြီးသမျှ
လမ်းအားလုံးပေါ်မှာ မင်းလျှောက်သွား
ငါ ရသင့်ရထိုက်သမျှ
လောကရဲ့ ပေးဆပ်ခြင်းတွေကိုလည်း မင်းယူ။

ငါ့ကို ဦးညွှတ်ဂုဏ်ပြုမယ့်
တစ်စုံတစ်ယောက်ရဲ့ ဦးခေါင်းကိုလည်း
မင်းပဲပွတ်သပ်
မင်းပဲ မြင့်မြတ်နိုင်ပါစေ။

အဲဒီ ငါ့ လက်ဆောင်တွေအားလုံးဟာ
တစ်စုံတစ်ရာတန်ဖိုးမနည်းခဲ့ဘူးဆိုတာ
မင်း အသိပါပဲ။

လူတစ်ချို့ကတော့
မင်းဟာ ငါမက်နေတဲ့ အိပ်မက်ကလေးတစ်ခုတဲ့
တကယ်တော့
မင်းဟာ
ငါ မပိုင်ဆိုင်လိုက်ရတဲ့
အပြာရောင်နေ့တစ်နေ့ပါကွယ်။

ငါကတော့
အအိပ်မဲ့ညတွေကြား
အတိတ်နဲ့ အနာဂတ်ကို စားသုံးရင်း
မျှော်လင့်ခြင်းအိပ်မက်တွေနဲ့
အိပ်မက်ရဲ့ ရာဇ၀င်နေ့သစ်တွေကို
အဆုံးရှုံးခံနေရတဲ့ လူတစ်ယောက်ပါကွယ်။

တို့ တစ်ဦးနဲ့တစ်ဦး
ပေါင်းစည်းညီညွှတ်ခဲ့ဖူးရဲ့
တို့ တစ်ဦးကို တစ်ဦး
အရှုးအမူး လေးမြတ်ကြည်ညိုခဲ့ဖူးရဲ့
တို့ တစ်ဦးပေါ်တစ်ဦး
ပေးဆပ်မှုနဲ့ ရယူခဲ့ဖူးရဲ့

အခုတော့ အဲဒီအရာတွ
(ဘယ်သူမှ ကြားဝင်မနှောက်ယှက်ဘဲ)
သူစိမ်းတွေလို ဝေးသွားခဲ့ကြပေါ့။

သူဝတ်ထားတဲ့အရေခွံကို
သူ စွန့်ခွါရတဲ့အခါ
မြစ်တစ်မြစ်ဆိုတာကတော့
မြွေတစ်ကောင်လို မပျော်ရွှင်နိုင်ဘူးပေါ့။

အားနာစရာ
မလိုပါဘူးကွယ်
ငါ ပိုင်ဆိုင်တဲ့
လောကရဲ့ ပညတ်မှန်သမျှနဲ့
ငါ့အတွေးတွေအားလုံးကိုလည်း
မင်းပဲပိုင်ဆိုင်ခဲ့ပြီမဟုတ်လား။

ဟင်းလင်းပြင်တွေကိုတော့
ငါကိုယ်တိုင်ပဲ
ပိုင်ဆိုင်ဆဲပါပဲလေ။ ။

ပိုင်စိုးဝေ

အစိမ်းရောင်မြစ်သို့တမ်းချင်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

သူဟာ နင်မဟုတ်
ငါအချိန်အကြာကြီးတွဲခဲ့တဲ့လက်
ဖျတ်ခနဲဆိုကြွေကျ
မြေခသွားချိန်မှ….
ငါ…..တွေးလို့မရ……..
ဖြေကြည့်ပေးဖို့ တောင်းဆိုတော့…
နင်………….. စိတ်ပျက်သွားလို့တဲ့
(ငါ့ကိုပဲချစ်မယ်..ပုံပြင်တွေမှာ..ငါမင်းသမီးပဲ မဟုတ်လား.ဒီလိုလူဟာ…နင်မဟုတ်နိုင်ဘူး)

ရုတ်တရက်ကြီး ခါးသီးသွား
ဘာလို့လည်း..
ဘာကြောင့်လည်း…နဲ့ ငါ….တွေဝေ….
ဒီလက်တွေ နဲ့ ချည်ခဲ့တဲ့ ကြိုး…
နှောင်ကြိုးပါးခဲ့လေသလား….
ငါ..ဆွေးလိုက်..ငေးလိုက်
ရေးလိုက်…….ပြိုလိုက်…..
တကယ်ဆို ငါ နင့်ကို ခွဲဖို့ မတွေးထားဘူး …
(မခွဲတမ်း…ဆိုကာ..တွဲခဲ့တဲ့လက်…စ…ဖြုတ်ရက်တာ..နင်..မဟုတ်ဘူး)

အချစ်မှာ…သံသယတွေ အပြည့်ထပ်
အငြိုးတွေ ပိုးထားခဲ့တော့……
ဝေးးးးးပြီ…
…………..ဝေးချင်ခဲ့ပြီ
ငါပေးခဲ့တဲ့အနမ်းတို့…
အလွမ်းတွေအဖြစ် ပြုစား
အသည်းတစုံလုံးနင်းခြေခဲ့…ကုစားရာ…မရှိတော့ဘူး
(မမေ့ကြေး..မလွဲကြေး…အသိတွေနဲ့..ကတိထပ်ခဲ့…စ..ဖြတ် တဲ့သူ…နင်..မဟုတ်ဘူး)

တဖက်သတ်ကြိုက်နေတဲ့.19နှစ်လေးနဲ့
ချစ်ကြိုးသွယ်ဖို့..ငါ့ကို..အပြစ်ဆိုးတွေဖွဲ့
ငါ…ပြုခဲ့သမျှ.…နုခဲ့ရလို့လား…
အမှားတွေနဲ့စုတ်ပြတ်….
အနာတွေနဲ့ မရင့်ကျက်တတ်ခဲ့
ယောင်ယမ်းလို့…သမ်းဝါးမိရင်တောင်…
နင့်ကြောင့်ပဲ…
.ငါ….ဂလဲ့စားကို နားလည်တတ်သူပါ
ခုတော့..
တသက်ဆွဲမယ့် ချစ်ပန်းချီကားတို့ ဆေးဖြယ်
နှစ်ယောက်အတူ..အနာဂတ်တို့….ဖောက်ဖျက်..
touch ph screen မှ..နင်မှန်းရက်လေခဲ့..
တပါးအချစ်ဆိုတာ…
ငါမုန်းသလောက်ကို..မျှ..မမှီပါ..အချစ်ရယ်

ပကာသနတွေနဲ့
အညာထပ်တဲ့အချစ်ကို..တပ်မက်သူ

အပြစ်တွေ ထပ်လို့ အချစ်ကို ချေဖျက် ခဲ့သူ
ငါ့အသည်းတွေကျွမ်းမှ..နင့်အနမ်းတွေ.
တဖက်လှည့်..လန်းတတ်တဲ့သူ

အတိတ်ကို အတိတ်မှာထားလို့…အနာဂတ်ကို အဆိပ်ခတ်..
ငါ့ဘ၀ကို စုတ်ပြတ်သတ်အောင် လုပ်ရက်ခဲ့သူ

မျက်ရည်မိုးတွေသည်း…
ညတွေတိုင်းမှာ..မျှော်လင့်တတ်တဲ့ဖုန်း..လေး….
အမြဲမအားမလပ်နဲ့ အသစ်ဆက်တဲ့သူ ……………..

အဲဒီသူဟာ……
……..…….နင်………………..မဟုတ်ဘူး…………
နင်ဆိုတာ.
………….ငါ့ကိုပဲချစ်လို့ ငါ့အနားမှာပဲ..ဆိုးပေတတ်တဲ့သူ

ဘာပဲဖြစ်ဖြစ်…
…………အဲဒီသူဟာ………….နင်မဟုတ်ဘူး။

(ငါမူမမှန်စွာနဲ့ တယူသန်ခဲ့ပါတယ်……..နင့်ကိုငါ…မမုန်းရက်ခဲ့ပါဘူး)

ကျွန်တော်ရယ်……….လိပ်ပြာလေးရယ်…….လေပြေရူးလေးရယ်…………..

ဟိုအရင်အတိတ်က………….
ခံစားချက်တစ်ချက်……..၀ိုးတ၀ါး…
နွေဦးလေပြေလေးက….သယ်ဆောင်သွားခဲ့ပြီ။
၂၂-၁၁-၂၀၁၀ ကို မင်းမှတ်မိတော့မယ်မထင်မိဘူး…….
မင်းမှတ်မိသေးလား…….အတူတူဓာတ်ပုံရိုက်တုန်းကလေ……
ရတနာပုံမြို့သစ်….မှတ်တိုင် က သက်သေရှိပါသေးတယ်……
မင်းပြောခဲ့တယ်လေ…..နင်ကောမလိုက်ဘူးလားတဲ့………
လိပ်ပြာလေးတွေ ကျွန်တော့်ဘေးနားမှာ….ေ၀၀ိုက်ပျံသန်းနေလိုက်တာ……
ပန်းလေးတွေက ဦးညွန့်နေကြတယ်……….
ပျားပုတုန်းလေးတွေက ကျွန်တော့်ချစ်ခြင်းပီတိလေးတွေ စားသုံးနေကြတယ်….
နေမင်းကြီးက ပြုံးပြလျှက်…ပြောရှာတယ်……..
ဇာနည်….မင်း ဒီနေ့ အရမ်းပျော်နေတယ်ထင်တယ်နော် တဲ့…….
သူနဲ့စကားမပြောအားပါဘူး………ရင်ထဲမှာ…….
ဂရုစိုက်တဲ့ စကားလေးတစ်လုံး…………….
မည်သည့်…………အရာ ကမျှ တန်ဖိုးမဖြတ်နိုင်သော…..စကားလေးတစ်ခွန်း…..
အခုထိ ရင်ထဲမှာ…..သိမ်းထားဆဲပါ………
သူထွက်သွားတော့……လက်ပြသေးတယ်……….
ချိုသာသောအပြုံးပန်းလေးတစ်ပွင့်နဲ့ အတူပေါ့………..
လောကကြီးက ချက်ခြင်းကြီးပြောင်းလဲသွားတယ်……
အပြန်ခရီးက သာယာလွန်းတယ်……..ထင်တောင်မထင်မိဘူး…..
လောကကြီးက သာယာလွန်းလှပါတယ်………
ဒီနေ့…………………..
စိတ်လက် မကြည်လင်ခဲ့ဘူး……….
မိုးတွေလဲ အုံမှိုင်းနေခဲ့တယ်…………..ဘာကြောင့်လဲ…
စဉ်းစားမိရင်း……မိုးတွေရွာလာတယ်….ကျွန်တော့်ရင်ထဲမှာပေါ့
နင့်ကို အစကတည်းက မချစ်ခဲ့တာတဲ့…………………………
သူ့နှုတ်ခမ်းလေးက…..ထွက်ကျလာတာလား…………..
လိပ်ပြာလေး…………….မကြားလိုက်လို့ ပြန်ပြောပါအုန်း……
လေရူးလေး……………မကြားလိုက်လို့ ပြန်ပြောပါအုန်း……..
ကျွန်တော် အတက်နိုင်ဆုံး ပြုံးပြခဲ့ပါတယ်…………..
ရင်ထဲမှာတော့…………သူဘာသာ ငိုနေမိတယ်………
ဒီနေ့…………………………..
လမ်းလျှောက်ထွက်ခဲ့တယ်………အရင်တုန်းက လမ်းတွေပေါ့……..
လမ်းတော့လျှောက်နေခဲ့တယ်……..နှလုံးသား က မရှိတော့ဘူး…….
လေပြေရူးလေးက………မလိုက်ချင်လိုက်ချင် လိုက်ခဲ့တယ်………..
လိပ်ပြာလေးက……….ကျွန်တော့်လက်သန်းပေါ်မှာ…….မှီခိုရင်းးးးး
ငါ့ကိုမလှောင်ပါနဲ့……….လိပ်ပြာလေးရယ်။………………..။


လမင်း

ဘ၀တစ်ခုကို အဆုံးသတ်
အချစ်သစ်ဆီ ရှေးရှုတဲ့ သူမ
အလွမ်းတွေတော့
ယုမသွားခဲ့ဘူး။
နင့်ရဲ့ မေ့လျော့မှုကြောင့်
အရိပ်တစ်စုံရဲ့ အနာဂတ်မှာ

ငါလေ….
ငိုကြွေးခြင်းကို သင်ယူရင်း
နေ၀င်ချိန်တွေကို မုန်းတက်ခဲ့ပြီ။။


စကားလုံးများနဲ့ပေးစာ

ကဗျာတွေကို ရင်ထဲရောက်အောင်
မဖွဲ့တတ်
အရာရာကိုတော့ ရင်ထဲမှာခံစားတာပဲ
သူ့အတွက်၊ ကိုယ့်အတွက်
ဘယ်သူ့အတွက်ပဲဖြစ်ဖြစ်
“ကျေးဇူးပဲ” ဆိုတာတွေက
ရင်ဘတ်ထဲမှာ မပါသလိုပါ
“Sorry, Sorry” အဲဒီစကားတွေက
လူတွင်ကျယ်လုပ်လှပြီလား
စိတ်ထဲမှာ “၀မ်းနည်းပါတယ်ဗျာ” လောက်
အသက်မပါဘူးထင်ရဲ့။

အခုကစပြီး
တွင်တွင်ကျယ်ကျယ်အသုံဲးပြုနေတဲ့
စကားလေးတစ်ခွန်းကို
မပျက်မဆီးပဲ
လေးလေးနက်နက်
စိတ်ထဲကကဗျာနဲ့ထပ်တူတိုင်တယ်လိုက်ပါရဲ့။

လူတစ်ယောက်ရဲ့
အရိုးသားဆုံးအချိန်ဟာ
အချစ်ကိုဖွင့်ဟတဲ့အချိန်ပဲ။

တစ်ခါမေးကြည့်တယ်
အဖြေတွေက ရေတွက်လို့မရ
အဲဒါအမှန်တွေပါ
ဒီကဗျာက သူ့စကားလုံးတွေကို ချစ်တယ်
ကဗျာနဲ့စာရေးတယ်
စာတွေက ကဗျာမဆန်နိုင်တော့ဘူး။...........။

                                                            မြတ်မင်းခန့်


ဒြပ်မဲ့ခံစားမှု

လမင်းလို မလင်းပနိုင်ပေမဲ့
ငွေကြယ်လေးတွေလောက်တော့
ကောင်းကင်ရင်ခွင်မှာ မှိတ်တုတ်မှိတ်တုတ်
အလင်းပေးစွမ်းနိုင်သူပါ ချစ်သူ
မကြည့်လို့ မမြင်တာလား
မမြင်လို့ မကြည့်တာလား
ငါ မသိပေမဲ့ နင်ကြည့်တက်ရင်
မိုးစက်ပွင့်တွေလို အေးမြတဲ့
ငါ့ရဲ့ အချစ်တွေက
ကမ္ဘာတည်သရွေ့ပါချစ်သူ
နင်မသိ နင်မကြည့်တဲ့
ငါ့အချစ်တွေက ပြောတဲ့စကားကို
နင့်နှလုံးသားနဲ့ နားထောင်မှ
ကြားနိုင်မယ် ချစ်သူ
ပညာရှင်တွေရဲ့အဆိုအမိန့်အရ
အချစ်ဆိုတာ ဦးနှောက်ကလက်ခံလို့
နှလုံးသားဆီ စီးဆင်းတာလား
နှလုံးသားမှာ မြစ်ဖျားခံလို့
ဦးနှောက်ကို ဆက်သွယ်တာလားဆိုတာ
ငါ အဖြေမရှာချင်တော့တဲ့ပုစ္ဆာတစ်ပုဒ်ပါ ချစ်သူ
ငါ့အတွက်တော့ အချစ်ဆိုတာ
နှလုံးသားမှာဘဲ မြစ်ဖျားခံခံ
ဦးနှောက်ကပဲ စီးဆင်းစီးဆင်း
ကျိန်းသေတာတော့ ငါ့ရင်ဘတ်ထဲ
ပန်းတွေပွင့်နေတာ ဘယ်သူသိနိုင်မလဲ ချစ်သူ***

                                                            နတ်သမီး
 

    Thank You For Your Watching!

▒)(█)(▒)__ ███_☼██████
_(▒)(▒)___██____████████
_________██____███▒▒▄▒▒
__________██____█▒▒▒▒▒▒
___________██____ █▒▒▒♥___(▒)(▒)
____________██_____▒▒____(▒)(█)(▒)
__________ __██____▒▒______(▒)(▒)
_____________██__▓▓▒▓_______█
________██__██ ▓▓▓▒▒▒▓____█
_(▒)(▒)___███_ ▓▓_▓▓▓▓▓___█
(▒)(█)(▒)______▓▓__▓▓▓▓▓___█
_(▒)(▒)_____ _▓▓__▓▓▓▓▓___█___█
___________ ▓▓___▓▓▓▓_▓___█_█
__________ ▓▓___▓▓▓▓__▓▓__█
_________ ▓▓___███☼█__▓▓__█
___♥▒▒♥▒♥▒♥▒♥▒♥▒♥▒♥ __▓▓_█
___ ♥▒♥▒▒♥▒♥▒♥▒♥▒▒♥▒♥__▒▒▒
____ ♥▒♥▒▒♥▒♥▒♥▒▒♥▒▒♥▒____█
______ ♥▒▒♥▒♥▒♥▒♥▒♥▒▒♥▒♥__█
________ ♥▒▒♥▒▒♥▒♥▒▒♥▒▒♥▒♥
___________♥▒♥▒▒♥▒▒♥▒▒♥▒▒♥▒
_______________▓▓_▓▓
_(▒)(▒)_________▓▓_▓▓
(▒)(█)(▒)_______▓▓_▓▓
_(▒)(▒)_________▓▓_▓▓
_______________▓▓_▓▓
_______________▓▓▓▓
_______________▓▓▓
______█████████
________██____██
______█☼█____██
______█_______██
______________█☼█
______________██__█